“ဥရောပ ကို ပြန်လာချင်နေတဲ့ နေမာ ကို ခေါ်ယူဖို့ချိန်ရွယ်နေတဲ့ နာပိုလီနဲ့ အင်တာမီလန်အသင်း”

17 Oct

လာမယ့် ဒီဇင်ဘာမှာ ဆန်းတို့စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာဟာ ဥရောပမှာ ပြန်ကစားခွင့်ရဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် နေမာ ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို ဆန်းတို့စ်အသင်းမှာ အစပြုခဲ့သူ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းနဲ့ PSG အသင်းတွေမှာ ယှဉ်ပြိုင်ကစားပြီး ဥရောပမှာ အများဆုံးကျင်လည်ခဲ့တာ ဖြစ်ပါတယ်။ နေမာ ဟာ ၂၀၂၅ ဇန်နဝါရီမှာမှ ဆော်ဒီကလပ် အယ်လ်ဟီလာနဲ့ လမ်းခွဲကာ ငယ်ဘဝအသင်းဟောင်း ဆန်းတို့စ်ကို ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။ နေမာ အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ဥရောပမှာ ပြန်လည်ခြေစွမ်းပြနိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပြီး စီးရီးအေကလပ် နာပိုလီနဲ့ အင်တာမီလန်အသင်းတွေက ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ (NVS 008)

17 Oct

ADVERTISE HERE .