“ဆီမီညို ကို ပေါင် ၇၅ သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားတဲ့ ဘုန်းမောက်အသင်း”
17 Oct
ဘုန်းမောက်အသင်းဟာ တိုက်စစ်မှူး ဆီမီညို ကို ပေါင် ၇၅ သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထား ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ ဆီမီညို ဟာ ဂါနာလက်ရွေးစင်ကစားသမားဖြစ်ပေမယ့် အင်္ဂလန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ဘရစ္စတိုးလ် စီးတီးအသင်းကနေ ဘုန်းမောက်အသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဘုန်းမောက်အသင်းမှာ တစ်ရာသီထက် တစ်ရာသီပိုမိုခြေစွမ်းပြလာတဲ့ ဆီမီညို ကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းများစွာက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘုန်းမောက်အသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ဆက်ထိန်းထားနိုင်ရန် လျော်ကြေးစာချုပ်ချုပ်ဆိုခဲ့ရကြောင်း သိရပါတယ်။ ဘုန်းမောက်အသင်းက ဆီမီညို ကို ဇူလိုင်လ ၁ ရက်မှာ ၂၀၃၀ အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပေမဲ့ လာမယ့်နွေရာသီမှာ ပေါင် ၇၅ သန်းနဲ့ ခေါ်ယူမယ့်အသင်းရှိရင် ရောင်းထုတ်ရတော့မှာဖြစ်ပါတယ်။ အခုလိုလျော်ကြေးစာချုပ်သတင်း ထွက်ပေါ်လာခဲ့တာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ အပြိုင်ကြိုးပမ်း ကြဖွယ်ရှိနေပြီး လီဗာပူးလ်အသင်းက အလေးအသာဆုံးဖြစ်နေတယ်လို့လည်း ထင်ကြေးတွေပေးနေကြပါတယ်။(NVS 008)