“ပစ်ဖို့ဒ် ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးခဲ့တဲ့ အဲဗာတန်အသင်း”

17 Oct

အဲဗာတန်အသင်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ်(၁)ဂိုးသမား ပစ်ဖို့ဒ် ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ အဲဗာတန်အသင်းဟာ ပစ်ဖို့ဒ် ကို ၂၀၁၇ နွေရာသီမှာ ဆန်းဒါးလန်းကနေ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၈ နှစ်တာကာလအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ ၃၂၆ ပွဲ ကစားပေးထားပါတယ်။ ပစ်ဖို့ဒ် ကို ခေါ်ယူလိုတဲ့ ထိပ်သီးအသင်းများစွာရှိနေသလို၊ အသင်းအတွက်လည်း အကောင်းဆုံးလက်စွမ်းပြနေတာကြောင့် အဲဗာတန်အသင်း က နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပစ်ဖို့ဒ် က အဲဗာတန်အသင်းရဲ့ ပိုင်ရှင်သစ်တွေလက်ထက်မှာ အသင်းကို ဥရောပမှာယှဉ်ပြိုင်နိုင်တဲ့ အသင်းဖြစ်အောင် ပြန်လည်တည်ဆောက် ပေးနိုင်မယ်လို့ ထင်မြင်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

17 Oct

ADVERTISE HERE .