“တရုတ်လေယာဉ်များ ရုရှားမှမဖြတ်သန်းရန် ထရမ့်၏တောင်းဆိုမှုကို တရုတ်လေကြောင်းလိုင်းများကပယ်ချ”

17 Oct

တရုတ်နိုင်ငံပိုင် လေကြောင်းလိုင်းများမှ ခရီးသည်တင်လေယာဉ်များအနေဖြင့် အမေရိကန်နိုင်ငံသို့ ပျံသန်း ရာတွင် ရုရှားနိုင်ငံ၏ဝေဟင်အထက်မှ ဖြတ်ကျော်ခြင်းမပြုရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ တောင်းဆို ချက်ကို တရုတ်လေကြောင်းလိုင်းများက ပယ်ချခဲ့ကြောင်း သိရသည်။ တရုတ်နှင့်အမေရိကန်တို့ကြား ကုန်သွယ်ရေးနှင့်ပတ်သက်၍ သဘောထားတင်းမာမှုများ ပြန်လည် ဖြစ်ပွားလာနေစဉ် ထရမ့် က ယခုကဲ့သို့ တောင်းဆိုလာခြင်းဖြစ်ပြီး ယင်းတောင်းဆိုချက်ကို တရုတ်လေကြောင်း လိုင်းများက ပယ်ချလိုက်ခြင်း ဖြစ်သည်။ ထရမ့် ၏ တောင်းဆိုချက်အတိုင်း အမေရိကန်သို့ခရီးစဉ်လမ်းကြောင်းတွင် ရုရှားနိုင်ငံ၏ဝေဟင်ကို ရှောင်ကွင်းသွားရပါက ခရီးသည်များအနေဖြင့် ကုန်ကျစရိတ်ပိုမိုများပြားနိုင်သည့်အပြင် အချိန်ပိုကြာမည် ဖြစ်ကြောင်း၊ ထို့ပြင်ယင်းလုပ်ဆောင်ချက်သည် ခရီးသည်များ၏အခွင့်အရေး၊ ပြည်သူလူထု၏ အကျိုးစီးပွားကို များစွာထိခိုက်စေကြောင်း တရုတ်လေကြောင်းလိုင်းများက အမေရိကန်နိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနသို့ စာတင်ထားသည်။ ထို့အတူ ထရမ့်၏တောင်းဆိုချက်က အမေရိကန်၏အကျိုးစီးပွားကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်ဟု Bangkok Post သတင်းဌာနဖော်ပြချက်အရ သိရသည်။

17 Oct

ADVERTISE HERE .