“ကျောက်မဲမြို့နယ်မှာ ကျန်းမာရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေ”
17 Oct
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မှာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက် ကျန်းမာရေးဌာနများ ပြန်လည်ဖွင့်လှစ်ထားရှိပြီး ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို အားဖြည့် တိုးမြှင့်ဆောင်ရွက်လျက်ရှိနေသည်ဟု သိရပါတယ်။ လက်ရှိတွင် ကျောက်မဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများက ကျောက်မဲမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက် မှုပေးခြင်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးရှောက်ရေး လုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပါတယ်။ အသက် ၁၅ နှစ်အောက်ကလေးများကို အထူးအစီအစဉ်(Special Immunization Activities)နဲ့ ကာကွယ် ဆေးထိုးနှံတိုက်ကျွေးပေးခြင်းနဲ့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိ အောင် နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျောက်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများက အောက်တိုဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ အသက် ၁၅ နှစ်အောက် စုစုပေါင်း ၁,၃၁၈ ဦးကို လိုအပ်သောကာကွယ် ဆေးများထိုးနှံတိုက်ကျွေးပေးခဲ့ပြီးဖြစ်ကာ ဒေသခံတိုင်းရင်းသားပြည်သူများ အောက်တိုဘာလ ၅ ရက်မှ ၁၄ ရက် အထိ လူနာ ၁,၃၂၄ ဦးကို လိုအပ်သောကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ (NVS 004)