“ရုရှားနိုင်ငံသို့ အထူးကုဆရာဝန်များကို ပညာသင်စေလွှတ်ရေးအတွက် တွေ့ဆုံဆွေးနွေး”
17 Oct
ရုရှားနိုင်ငံသို့ မြန်မာနိုင်ငံရှိ အထူးကုဆရာဝန်များကို ပညာသင်စေလွှတ်နိုင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ်ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာ စဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev နှင့် ကိုယ်စားလှယ်အဖွဲ့ကို အောက်တိုဘာလ ၁၆ ရက်မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြားကျန်းမာရေးကဏ္ဍ ျပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ ကင်ဆာရောဂါကုသမှုဆိုင်ရာ အတွေ့အကြုံများဖလှယ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ကိစ္စရပ်များ၊ စိန့်ပီတာ စဘတ်မြို့ရှိ ဆေးဝါးစက်ရုံများမှ ထုတ်လုပ်တဲ့ကင်ဆာရောဂါနှင့် ဆီးချိုရောဂါကုသမှုဆိုင်ရာ ဆေးဝါးနှင့်ဆေးပစ္စည်း များ မြန်မာနိုင်ငံသို့တင်သွင်းရောင်းချလျက်ရှိတဲ့ ကိစ္စရပ်များ၊ မြန်မာနိုင်ငံရှိ အထူးကုဆရာဝန်များကို ရုရှားနိုင်ငံသို့ ပညာသင်စေလွှတ်ရေးနှင့် နှစ်နိုင်ငံဆေးဘက်ဆိုင်ရာတက္ကသိုလ်များအကြား ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ကလေးဦးနှောက်နှင့်အာရုံကြောရောဂါကုသမှုနှင့် ကလေးများမှာ ဖြစ်ပွားတတ်သော ကူးစက်ရောဂါကုသမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)