“မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲမှာ MEVM မဲပေးစက် ၅,၂၈၈ လုံးအသုံးပြုမည်”
17 Oct
ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မကွေး တိုင်းဒေသကြီးအတွင်း အီလက်ထရောနစ်မဲပေးစက်(MEVM) ၅,၂၈၈ လုံး အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကျင်းပရာမှာ အပိုင်း(၁)၏ မြို့နယ် ၉ မြို့နယ်တွင် မဲပေးစက် ၄,၂၅၉ လုံး အသုံးပြုသွားမည်ဖြစ်ကာ အပိုင်း(၂) ၏ မြို့နယ် ၁၁ မြို့နယ်တွင် မဲပေးစက် ၂,၃၁၈ လုံးအသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်း၊ ဘက်ထရီ ထိန်းသိမ်းထားသိုနည်းနှင့် အသုံးပြုနည်းသင်တန်းကို အောက်တိုဘာလ ၁၆ ရက်မှ အောက်တိုဘာလ ၁၇ ရက်အထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရပါတယ်။ သင်တန်းမှာ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများမှ ဆရာ/ဆရာမများ၊ ခရိုင်၊ မြို့နယ် နည်းပညာ အထောက်အကူပြုအဖွဲ့အပါအဝင် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ ဝန်ထမ်းများ ၇၇ ဦး တက်ရောက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)