“လတ်ဗီးယား ကို အနိုင်ယူပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့တဲ့ အင်္ဂလန်အသင်း”

16 Oct

ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းက လတ်ဗီးယားအသင်းကို ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲကို အောင်မြင်သွားခဲ့ပါတယ်။ နည်းပြ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းမှာ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်း ပြန်လည်ပါဝင်လာသလို ၂၆ မိနစ်မှာပဲ ဂေါ်ဒွန်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ပထမပိုင်းမပြီးခင်မှာ ဟာရီကိန်းက သွင်းဂိုး ၂ ဂိုးထပ်သွင်းခဲ့လို့ အင်္ဂလန်အသင်းက သက်သောင့်သက်သာနဲ့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အင်္ဂလန်အတွက် နောက်ထပ်ဂိုးတွေကို လတ်ဗီးယားကစားသမား တိုနီဆက်ဗ် က ကိုယ့်ဂိုးကိုယ်သွင်းခဲ့သလို ပွဲပြီးကာနီးမှာ အီဇီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်း ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု(K)မှာ ၆ ပွဲကစားအပြီး ၆ ပွဲစလုံးအနိုင်ရကာ ရမှတ် ၁၈ မှတ်နဲ့ အုပ်စုပထမနေရာ သေချာခဲ့ပြီး ခြေစစ်ပွဲအောင်မြင်သွားတာဖြစ်ပါတယ်။ အသင်းသားတွေရဲ့ ထက်မြက်မှုတွေနဲ့ စိတ်ထားကောင်းတွေကို ခြေစစ်ပွဲ တစ်လျှောက်မြင်ခဲ့ရပြီး ထိပ်တန်းရလဒ်တစ်ခုကို ရယူနိုင်ခဲ့တဲ့အတွက် ကျေနပ်တယ်လို့ အင်္ဂလန်အသင်းနည်းပြ တူချဲလ် က ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။ အခုပွဲမှာ ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ဟယ်ရီကိန်းကလည်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၀ မှာ ၇၆ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ (NVS 008)

16 Oct

ADVERTISE HERE .