“ပါရာတီခီနဲ့ ဂျိုဟန်လန့်ချ်တို့ကို ပူးတွဲအားကစားဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့တဲ့ စပါးအသင်း”
16 Oct
စပါးအသင်းဟာ အီတလီနိုင်ငံသား ပါရာတီခီ နဲ့ ဒိန်းမတ်နိုင်ငံသား ဂျိုဟန်လန့်ချ် တို့ကို အသင်းရဲ့ ပူးတွဲအားကစားဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ဂျိုဟန်လန့်ချ် ဟာ အက်စတွန်ဗီလာအသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၃ ခုနှစ်မှစတင်ကာ စပါးအသင်းမှာ နည်းစနစ် ဒါရိုက်တာအဖြစ် ဆောင်ရွက်နေခဲ့သူ ဖြစ်ပါတယ်။ အခုအခါ စပါးအသင်းက ဂျိုဟန်လန့်ချ် ကို အားကစားဒါရိုက်တာအဖြစ် တိုးမြှင့်တာဝန်ပေးလိုက်သလို၊ အသင်းမှာ ဘောလုံးဆိုင်ရာ မန်နေဂျင်းဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ ပါရာတီခီကိုလည်း ပြန်လည်ခေါ်ယူပြီး ပူးတွဲအားကစား ဒါရိုက်တာအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။ ပါရာတီခီ ကလည်း စပါးအသင်းနဲ့ ပြန်လည် လက်တွဲခွင့်ရတဲ့အတွက် ပျော်ရွှင်ကြောင်းနဲ့ အသင်းရဲ့အနာဂတ်ကို ဂျိုဟန်လန့်ချ် နဲ့အတူ ထူးခြားစွာတည်ဆောက် ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)