“ဒီဂျောင် ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ ဘာစီလိုနာအသင်း”

16 Oct

ဘာစီလိုနာအသင်းဟာ နယ်သာလန်ကွင်းလယ်ကစားသမား ဒီဂျောင် ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ဒီဂျောင် ဟာ ၂၀၁၉ ဇန်နဝါရီမှာ အေဂျက်စ်ကနေ ဘာစီလိုနာကို ယူရို ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် အပြောင်းအရွှေ့သတင်းတွေ မကြာခဏထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက သူ့ရဲ့မြင့်မားတဲ့ လစာနှုန်းထားကြောင့် ပြန်လည်ရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်ခဲ့ပေမယ့် အသင်းမှာဆက်ရှိနေခဲ့တဲ့အပြင် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂျောင် ဟာ အရင်စာချုပ်အရ တစ်နှစ်လစာ ယူရို ၁၉ သန်းရရှိခဲ့ပေမယ့် စာချုပ်သစ်မှာ တစ်နှစ်ယူရို ၁၀ သန်း နှုန်းသာရရှိတော့မှာဖြစ်ပြီး စာချုပ်လျော်ကြေးကိုတော့ ယူရိုသန်း ၄၀၀ ကနေ ယူရိုသန်း ၅၀၀ ကို တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။ (NVS 008)

16 Oct

ADVERTISE HERE .