“အာဖဂန်နှင့်ပါကစ္စတန်တို့ ၄၈ နာရီကြာ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် သဘောတူ”
16 Oct
အာဖဂန်နစ္စတန်နှင့်ပါကစ္စတန်နိုင်ငံတို့သည် နယ်စပ်ဒေသ၌ အောက်တိုဘာလ ၁၅ ရက်တွင် တင်းမာမှု များ မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။ ပါကစ္စတန်တပ်ဖွဲ့ဝင်များ၏တိုက်ခိုက်မှုကြောင့် ၁၀ ဦးကျော် သေဆုံး ခဲ့သည်ဟု အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်အစိုးရပြောရေး ဆိုခွင့်ရှိသူက ပြောသည်။ အောက်တိုဘာလ ၁၅ ရက်နံနက်ပိုင်းက တောင်ပိုင်းကန်ဒဟာပြည်နယ် နယ်စပ်ဒေသတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော် ရှိ ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိသည်ဟု တာလီဘန်တို့ က ပြောသည်။ တာလီဘန်တို့ဘက်မှလည်း သေ ဆုံးသူ ၁၅ ဦးမှ ၂၀ ကြားရှိသည်ဟု ပါကစ္စတန်က ပြောသည်။ သီတင်းပတ် ကုန်တွင် ပြင်းထန်သည့် ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်ဖက်စလုံး အပြန်အလှန် အပြစ်တင်လျက်ရှိသည်။ အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရလာသည့်အချိန်မှစတင်ကာ အစွန်းရောက်အုပ်စုများသည် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် နယ်စပ်ဖြတ်ကျော်လာသည်ဟု ပါကစ္စတန်က ပြောသည်။ နောက်ဆုံး ထွက်ပေါ်လာသော သတင်းများအရ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် နယ်စပ်တင်းမာမှုများကို လျှော့ချရန် ၄၈ နာရီ ကြာ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် သဘောတူခဲ့ကြကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဌာနက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။