“နယ်သာလန်အတွက် ဂိုးအများဆုံးနဲ့ ဂိုးဖန်တီးမှုအများဆုံး ဖြစ်လာတဲ့ ဒီပိုင်း”
15 Oct
နယ်သာလန်အသင်း တိုက်စစ်ကစားသမား ဒီပိုင်း ဟာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားပြီးဖြစ်သလို ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ်ပါ စံချိန်တင်ခဲ့ပါတယ်။ နယ်သာလန်အသင်းက ဖင်လန်အသင်းကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒီပိုင်း က ကိုယ်တိုင်တစ်ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ ဒီပိုင်း ဟာ ပွဲအစ ရှစ်မိနစ်မှာ မာလန်းသွင်းယူတဲ့ အဖွင့်ဂိုးနဲ့ ၁၇ မိနစ်မှာ ဗန်ဒိုက်သွင်းယူတဲ့ ဒုတိယဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပြီး ၃၈ မိနစ်တွင် ပယ်နယ်တီကတစ်ဆင့် ကိုယ်တိုင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒါကြောင့် နယ်သာလန်အသင်းအတွက် ၎င်းရဲ့ဂိုးဖန်တီးမှုစုစုပေါင်းမှာ ၃၅ ကြိမ်ရှိလာပြီး ကွင်းလယ်လူဟောင်း ရှနိုက်ဒါရဲ့ ၃၃ ကြိမ်ကိုကျော်ဖြတ်ကာ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ ဒီပိုင်းအနေနဲ့ ဂိုးအများဆုံးကစားသမားစာရင်းမှာလည်း ပြီးခဲ့တဲ့စက်တင်ဘာလက စံချိန်တင်ခဲ့ပြီး အခု ၅၄ ဂိုး အထိ ရှိလာခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဒီပိုင်းဟာ ၂၀၁၃ ခုနှစ်မှစတင်ကာ နယ်သာလန်လက်ရွေးစင်အဖြစ် စတင်ကစားခွင့်ရပြီး စုစုပေါင်း ၁၀၆ ပွဲကစားကာ သွင်းဂိုး ၅၄ ဂိုး သွင်းယူပေးထားပါတယ်။ (NVS 008)