“လာမယ့်ပွဲအတွက် သေချာအာရုံစိုက် ကြိုးစားထားကြောင်း ပြောကြားခဲ့တဲ့ ထွန်းမင်းအောင်”
15 Oct
ONE Friday Fights ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ တန်နွန် နဲ့ အဓိကခေါင်ပွဲ ထိုးသတ်ရမယ့် မြန်မာလူငယ်ဖိုက်တာ ထွန်းမင်းအောင် က သေချာအာရုံစိုက်ပြီး အကောင်းဆုံးကြိုးစားထားကြောင်း လူမှုကွန်ရက်ကနေ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲကို အောက်တိုဘာလ ၁၇ ရက်၊ မြန်မာစံတော်ချိန်ည ၇ နာရီကစပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မှာဖြစ်ပြီး မြန်မာလူငယ်ဖိုက်တာ ထွန်းမင်းအောင်နဲ့ ထိုင်းဖိုက်တာ တန်နွန် တို့ဟာ အဓိကခေါင်ပွဲအဖြစ် နောက်ဆုံးမှ ထိုးသတ်ရမှာဖြစ်ပါတယ်။ ထွန်းမင်းအောင်ဟာ ONE Friday Fights မှာ လေးပွဲ ထိုးသတ်ထားပြီး နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားကာ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့မေလအတွင်းက ထိုင်းဖိုက်တာကို အလဲထိုးနဲ့ အနိုင်ရထားပါတယ်။ ထိုင်းဖိုက်တာ တန်နွန်က သုံးပွဲထိုးသတ်ထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားကာ တစ်ပွဲ NO Contest ဖြစ်ထားပါတယ်။ (NVS 008)