“လူတန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရတာဟာ ကြီးမားတဲ့ အခွင့်ထူးတစ်ရပ်လို့ ပြောကြားခဲ့တဲ့ ဝဲလ်ရှိုင်းယား”
15 Oct
အာဆင်နယ်ကွင်းလယ်လူဟောင်း ဝဲလ်ရှိုင်းယား က League One ကလပ် လူတန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရတာဟာ ကြီးမားတဲ့ အခွင့်ထူးတစ်ရပ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဝဲလ်ရှိုင်းယား ဟာ လူတန်အသင်းနဲ့ သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဝဲလ်ရှိုင်းယား ရဲ့ ပထမဆုံး အချိန်ပြည့် မန်နေဂျာအလုပ်လည်း ဖြစ်လာခဲ့ပါတယ်။ အင်္ဂလန်ဘယ်နောက်ခံလူဟောင်း ခရစ္စပါဝဲလ် က ဝဲလ်ရှိုင်းယားရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဝဲလ်ရှိုင်းယားက လူတန်တောင်းအသင်းကို မန်နေဂျာအဖြစ်ရောက်ရှိလာတာဟာ ကြီးမားတဲ့ အခွင့်ထူးတစ်ရပ်ဖြစ်ပြီး ကလေးဘဝကို ပြန်ရောက်လာသလို ခံစားရတယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)
15 Oct