“ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ စီရော်နယ်ဒို”
15 Oct
ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်ဒို ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ၄၁ ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူနိုင်သူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ စီရော်နယ်ဒို ဟာ ဟန်ဂေရီအသင်းနဲ့ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းအတွက် နှစ်ဂိုးစလုံးသွင်းယူခဲ့တာကြောင့် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒို ဟာ အခုပွဲမတိုင်ခင်တုန်းက ဂွါတီမာလာတိုက်စစ်မှူး ကားလို့စ်ရုဇ် ရဲ့ သွင်းဂိုး ၃၉ ဂိုးစီနဲ့ ပူးတွဲရပ်တည်နေခဲ့ပြီး အခုနှစ်ဂိုးအသာနဲ့ စံချိန်တင် နိုင်ခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒို ဟာ ၂၀၀၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပထမဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲသွင်းဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ စီရော်နယ်ဒို ဟာ ကလပ်နဲ့ ပေါ်တူဂီနိုင်ငံအသင်းအတွက် စုစုပေါင်း ၉၄၈ ဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ဖို့ ၅၂ ဂိုးသာ လိုအပ်ပါတော့တယ်။ (NVS 008)