“အာဂျင်တီးနားအသင်းနဲ့အတူ လေ့ကျင့်မှုပြုလုပ်နေတဲ့ မက်ဆီ”
14 Oct
အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ ဟာ ဗင်နီဇွဲလားနဲ့ ခြေစမ်းပွဲကို လွဲချော်ခဲ့ပေမယ့် အာဂျင်တီးနားအသင်းနဲ့ လေ့ကျင့်မှုပြန်လုပ်ခဲ့တာကြောင့် လာမယ့် ပူအာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစား ဖွယ်ရှိကြောင်း သိရပါတယ်။ အာဂျင်တီးနားအသင်းဟာ အောက်တိုဘာလနိုင်ငံတကာရက်သတ္တပတ်မှာ ဗင်နီဇွဲလား၊ ပူအာတိုရီကိုတို့နဲ့ ခြေစမ်းပွဲနှစ်ပွဲကို အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမယ့် မက်ဆီက အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်ကြောင့် ဗင်နီဇွဲလားနဲ့ပွဲကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီနည်းပြ မာရှေရာနို ကလည်း မက်ဆီ အနေနဲ့ ခြေစမ်းပွဲနှစ်ပွဲစလုံးကို ပါဝင်ကစားနိုင်မှာ မဟုတ်ကြောင်း အစောပိုင်းကတည်းက ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ မက်ဆီ က အင်တာမိုင်ယာမီအတွက် ကစားပေးပြီးနောက် အာဂျင်တီးနားအသင်းနဲ့ အမြန်ဆုံံးပြန်လည်ပူးပေါင်းခဲ့တာကြောင့် လာမယ့်ခြေစမ်းပွဲမှာ ပါဝင်ကစားဖို့ သေချာသလောက်ဖြစ်နေပါတယ်။ မက်ဆီက အာဂျင်တီးနားအသင်းရဲ့ ပွဲအများဆုံး၊ ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ပြီး နိုင်ငံအသင်းအတွက် ၁၉၄ ပွဲကစားထားပြီး သွင်းဂိုး ၁၁၄ ဂိုး သွင်းယူထားပါတယ်။ (NVS 008)