“နိုင်ငံတကာရက်သတ္တပတ်ပြီးမှသာ ပြန်ကစားနိုင်မယ့် အော်ဒီဂွါ”
14 Oct
ဒူးဒဏ်ရာရရှိနေတဲ့ အာဆင်နယ်အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား အော်ဒီဂွါ ဟာ နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်အလွန်မှသာ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။ အော်ဒီဂွါ ဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရတဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အောက်တိုဘာလ နိုင်ငံတကာ ရက်သတ္တပတ်အပြီးမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် နိုဝင်ဘာလလယ်အထိ ပြန်ကစားနိုင်ဖွယ်မရှိသေးကြောင်း သိရပါတယ်။ ဒါကြောင့် အော်ဒီဂွါအနေနဲ့ နိုဝင်ဘာလလယ်မှာ သတ်မှတ်ထားတဲ့ နိုင်ငံတကာရက်သတ္တပတ်အလွန်မှသာ ပြန်ကစားနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ အော်ဒီဂွါ ဟာ အာဆင်နယ်အသင်းရဲ့ ပွဲစဉ် ၇ ပွဲလောက်ကို လွဲချော်ဖွယ်ရှိနေပြီး စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှသာ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)
14 Oct