“အာရှအကောင်းဆုံးဘောလုံးသမားဆုကို (၁၀)ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိခဲ့တဲ့ ဆွန်ဟောင်မင်”

14 Oct

LAFC အသင်းက တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ အာရှ Ballon d'Or လို့ တင်စားခံထားရတဲ့ အာရှအကောင်းဆုံးဘောလုံးသမားဆုကို (၁၀) ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ Best Footballer in Asia လို့ အမည်ပေးထားတဲ့ ဒီဆုကို တရုတ်အားကစားသတင်းစာ Titan Sports က ဖန်တီးချီးမြှင့်တာဖြစ်ပြီး France Football က ဖန်တီးခဲ့တဲ့ Ballon d'Or ဆုကို တုပထားတဲ့ဆုလည်း ဖြစ်ပါတယ်။ အဆိုပါဆုကို ၂၀၁၃ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ၂၀၂၅ အထိ (၁၃)ကြိမ် ချီးမြှင့်ခဲ့ရာမှာ ဆွန်ဟောင်မင် တစ်ဦးတည်းက (၁၀)ကြိမ်ရရှိခဲ့ပြီး ကျန်(၃)ကြိမ်ကိုတော့ အာဖစ်(ကာတာ)၊ ဟွန်ဒါ နဲ့ အိုကာဇာကီ(ဂျပန်)တို့ ရရှိခဲ့ပါတယ်။ အခုဆုအတွက် ပြည်ပထွက်ကစားနေတဲ့ အာရှဒေသက ကစားသမားတွေနှင့် ပြည်ပကနေ အာရှကလပ် အသင်းတွေမှာ လာကစားနေတဲ့ ကစားသမားတွေရော အကျုံးဝင်ပြီး ဆုရွေးချယ်မှုကိုတော့ ဂျာနယ်လစ် ၆၄ ဦးရဲ့ ဆန္ဒမဲအပေါ် အခြေခံတွက်ချက်ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်အတွက်ဆုကို ဆွန်ဟောင်မင်က ၁၄၆ မှတ်နဲ့ ရရှိခဲ့တာဖြစ်ပြီး PSG က တောင်ကိုရီးယား ကစားသမား လီကန်အင် က ၁၀၅ မှတ်နဲ့ ဒုတိယ၊ အယ်လ်နာဆာက ပေါ်တူဂီကစားသမား စီရော်နယ်လ်ဒိုက ၉၁ မှတ်နဲ့ တတိယနေရာ ရရှိခဲ့ကြောင်း သိရပါတယ်။ (NVS 008)

14 Oct

ADVERTISE HERE .