“ရပ်ရှ်ဖို့ဒ် ကို ကစားသမားဘ၀ စိတ်ပျက်စရာအခြေအနေနဲ့ အဆုံးမသတ်စေရေး သတိပေးခဲ့တဲ့ တူချဲလ်”

14 Oct

အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ကစားသမားဘ၀ စိတ်ပျက်စရာအခြေအနေနဲ့ အဆုံးမသတ်စေရေး သတိပေးခဲ့ပါတယ်။ ဒါ့အပြင် တူချဲလ် က ရပ်ရှ်ဖို့ဒ်ရဲ့အလားအလာက အကန့်အသတ်မရှိဘူးလို့လည်း သုံးသပ်ခဲ့ပါတယ်။ လက်ရှိမှာ ရပ်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းကနေ ဘာစီလိုနာအသင်းကို အငှားသွားရောက်ကစားနေပြီး ၁၀ ပွဲကစား သုံးဂိုးသွင်းကာ ၅ ဂိုးဖန်တီးခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ် အနေနဲ့ အက်စတွန် ဗီလာကို အငှားသွားကစားချိန်မှာလည်း အထိုက်အလျောက်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ မတ်လက ၂၀၂၄ ခုနှစ် မတ်လနောက်ပိုင်း ပထမဆုံးအဖြစ် အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ (NVS 008)

14 Oct

ADVERTISE HERE .