“အာဖရိကနိုင်ငံငယ်တစ်နိုင်ငံဖြစ်တဲ့ ကိတ်ဗက်အသင်း ပထမအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်”

14 Oct

အာဖရိကနိုင်ငံငယ်လေး တစ်နိုင်ငံဖြစ်တဲ့ ကိတ်ဗက်အသင်း ဟာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့ပြီး ဒုတိယမြောက် အသေးငယ်ဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကိတ်ဗက်အနေနဲ့ အုပ်စုနောက်ဆုံးပွဲမှာ အက်ဆွာတီနီကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် အာဖရိကတိုက်က ခြောက်သင်းမြောက်ခြေစစ်ပွဲအောင်တဲ့အသင်း ဖြစ်လာခဲ့ပါတယ်။ အာဖရိကဇုန် ခြေစစ်ပွဲအုပ်စု (D) မှာ ကိတ်ဗာဒီ အသင်းက ၁၀ ပွဲကစား ရမှတ် ၂၃ မှတ်နဲ့ နာမည်ကြီး ကင်မရွန်းအသင်းကို လေးမှတ်ဖြတ်ကာ ခြေစစ်ပွဲ အောင်ခဲ့တာ ဖြစ်ပါတယ်။ ကိတ်ဗက် ဟာ ကမ္ဘာ့ဘဏ်ရဲ့နောက်ဆုံးစာရင်းအရ လူဦးရေ ၅၂၅,၀၀၀ သာရှိပြီး ၁၉၇၅ ခုနှစ်ကမှ ပေါ်တူဂီထံကနေ လွတ်လပ်ရေး ရရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသက်တမ်းတစ်လျှောက် အသေးငယ်ဆုံးနိုင်ငံအဖြစ် အိုက်စလန်အသင်းက ၂၀၁၈ ကမ္ဘာ့ဖလားမှာ ယှဥ်ပြိုင်ခွင့်ရခဲ့ပြီး မှတ်တမ်းတင်ထားပါတယ်။ (NVS 008)

14 Oct

ADVERTISE HERE .