“အစ္စရေးနှင့်ဟားမတ်စ်အဖွဲ့အကြား ငြိမ်းချမ်းရေးအစီအစဉ်ပထမပိုင်း စတင်အသက်ဝင်လာ”

14 Oct

အစ္စရေးနှင့်ဟားမတ်စ်အဖွဲ့အကြား ငြိမ်းချမ်းရေးအစီအစဉ် ပထမပိုင်းသည် အောက်တိုဘာလ ၁၀ ရက် တွင် စတင်အသက်ဝင်လာခဲ့ကြောင်း သိရသည်။ အစ္စရေးနှင့်ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်သည် အောက်တိုဘာလ ၁၀ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် ဂါဇာကမ်းမြောင်ဒေသတွင် စတင်အသက်ဝင်ခဲ့သည်။ ၎င်းအစီအစဉ်အရ တိုက်ခိုက်မှုများရပ်နားပြီး ဓားစာခံများကို ပြန်လွှတ်ပေးရမည် ဖြစ် သည်။ ဟားမတ်စ်အဖွဲ့က ဓားစာခံ ၄၈ ဦးကို ထိန်းသိမ်းထားဆဲဖြစ်သည်။ ရရှိခဲ့သည့် သဘောတူညီချက်အရ ဓားစာခံ များကို မကြာမီအချိန်တွင် ပြန်လွှတ်ပေးမည်ဖြစ်ကာ အစ္စရေးအနေဖြင့်လည်း တပ်ဖွဲ့များကို ပြန်လည် ရုပ်သိမ်းပေး ရမည်ဖြစ်ပြီး ယခုကဲ့သို့ အစ္စရေးနှင့်ဟားမတ်စ်အကြား ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်း အမေရိကန်သမ္မတ ထရမ့် က ပြောကြားသည်။ ယနေ့သည် အာရပ်ကမ္ဘာ၊ အစ္စရေးနှင့် အမေရိကန် နိုင်ငံတို့အတွက် ကြီးကျယ်သည့်နေ့ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ငြိမ်းချမ်းရေးရရှိရေးအတွက် ညှိနှိုင်းပေး ခဲ့သည့် အီဂျစ်၊ တူကီယဲနှင့် ကာတာတို့အား ကျေးဇူးတင်ကြောင်း ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် ၎င်းက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသသို့ မကြာမီသွားရောက်ရန် သမ္မတထရမ့် က စဉ်းစားနေကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ ကယ်ရိုလင်လက်ဗက် က ပြောကြားသည်။ ဂါဇာဒေသမှ အစ္စရေးတပ်မတော် တပ်ဖွဲ့များရုပ်သိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် ထိန်းသိမ်းထားသည့် ဓားစာခံများကို လွှတ်ပေးမည်ဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဂါဇာဒေသရှိ တိုက်ခိုက်မှုများပြီးဆုံးစေခဲ့ခြင်းနှင့် အစ္စရေး တပ်ဖွဲ့များ ရုပ်သိမ်းရန်ကြိုးပမ်းအားထုတ်ခဲ့ခြင်းအတွက် သမ္မတထရမ့်အား ချီးကျူးဂုဏ်ပြုကြောင်းနှင့်ကြားဝင် ညှိနှိုင်းပေးခဲ့သည့် အီဂျစ်၊ တူကီယဲနှင့် ကာတာတို့အား ကျေးဇူးတင်ရှိကြောင်း ဟားမတ်စ်အဖွဲ့ က ပြောကြားသည်။ ထိန်းသိမ်းထားသည့် ဓားစာခံများလွတ်မြောက်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် အမေရိကန်သမ္မတ ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့အကြား အပြန်အလှန်ချီးကျူးဂုဏ်ပြုခဲ့ကြပြီး သမိုင်းတွင်သည့် အောင်မြင်မှု အဖြစ် အသိအမှတ်ပြုခဲ့ကြကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

14 Oct

ADVERTISE HERE .