“ကျိုက်တမော့ကြီးဘုရားပွဲ တောင်တက်ဘုရားဖူး ရာနှင့်ချီ လာရောက်လည်ပတ်”
14 Oct
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ဆံတော်ရှင်ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သို့ တောင်တက်ဘုရားဖူးများ ရာနှင့်ချီကာ လာရောက်လည်ပတ်ဖူးမျှော်လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဆံတော်ရှင် ကျိုက်တမော့စေတီတော်ဘုရားပွဲကိုနှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် ၆ ရက်မှ ၈ ရက် အထိ ၃ ရက်တိုင်တိုင် ကျင်းပလေ့ရှိကြောင်း သိရသည်။ အခုနှစ် ဘုရားဖူးတွေ လာရောက်မှုက ယခင်နှစ်များထက် ပိုမိုများပြားလာခဲ့ပြီး ဒေသတွင်းဘုရားဖူးက ပိုများတယ်လို့ သိရပါတယ်။ တောင်တက်ဘုရားဖူးမျှော်ခွင့်ကို နံနက် ၄ နာရီမှ ညနေ ၅ နာရီ အထိသာ ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ကျိုက်တမော့စေတီတော်သို့ တောင်တက်ဖူးသူများ ခြေလျင်ဖြင့်လည်းကောင်း၊ တောင်တက်ကားများဖြင့် လည်းကောင်း တက်ရောက်နိုင်ပြီး မော်တော်ဆိုင်ကယ်ဖြင့် တက်ရောက်ခွင့်မပြုဘူးလို့ သိရပါတယ်။ (NVS 004)
14 Oct