“ရိန်းဂျားစ်အသင်းအား ဒုတိယအကြိမ်အဖြစ် ကိုင်တွယ်ခွင့်ကို ငြင်းပယ်ခဲ့တဲ့ ဂျရတ်”

13 Oct

လီဗာပူးလ်နဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂျရတ်ဟာ စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းကို ဒုတိယအကြိမ် ကိုင်တွယ်ခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။ ရိန်းဂျားစ်အသင်းဟာ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က ရပ်ဆဲလ်မာတင်အား နည်းပြအဖြစ်က ထုတ်ပယ် ပြီးနောက် ဂျရတ် နဲ့ အပြုသဘောဆောင်ဆွေးနွေးခဲ့ပေမယ့် ဂျရတ် က ရိန်းဂျားစ်အသင်းကို လတ်တလော မကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျရတ် ဟာ ရိန်းဂျားစ်အသင်းကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာ အမှတ်ပေးချန်ပီယံဆု ရယူပေးနိုင်ခဲ့ပါတယ်။ (NVS 008)

13 Oct

ADVERTISE HERE .