“ရာသီကုန်မှာအနားယူတော့မယ့် အယ်လ်ဘာ အတွက် ဂုဏ်ပြုအခမ်းအနားပြုလုပ်ပေးခဲ့တဲ့ အင်တာမိုင်ယာမီ အသင်း”

13 Oct

အင်တာမိုင်ယာမီအသင်းဟာ ရာသီကုန်မှာ အနားယူတော့မယ့် အယ်လ်ဘာ အတွက် ဂုဏ်ပြုအခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။ အတ္တလန်တာယူနိုက်တက်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲအပြီး အယ်လ်ဘာ အတွက် ဂုဏ်ပြုပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ အယ်လ်ဘာ ဟာ အခုပွဲစဉ်မှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ အယ်လ်ဘာ ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ အင်တာမိုင်ယာမီအသင်းထံ ရောက်လာခဲ့ပြီး ပြိုင်ပွဲစုံ ၉၆ ပွဲကစား၊ ၁၅ ဂိုးသွင်းယူခဲ့ပြီး ၃၉ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အယ်လ်ဘာအနေနဲ့ ပြီးခဲ့တဲ့မေလကမှ ၂၀၂၇ ခုနှစ်အထိ အင်တာမိုင်ယာမီအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် ဆုံးဖြတ်ချက်ပြင်ကာ မေဂျာလိဂ် playoffs ရာသီအပြီး အနားယူတော့မယ်လို့ မကြာသေးခင်က ကြေညာခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

13 Oct

ADVERTISE HERE .