“ပိုစတီကိုဂလူး နေရာမှာ ရှောင်ဒိုက် နဲ့အစားထိုးဖို့ နော်တင်ဟမ်အသင်းစဉ်းစားနေ”

13 Oct

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ မကြာသေးခင်က ခန့်အပ်ထားတဲ့ နည်းပြ ပိုစတီကိုဂလူး နေရာမှာ အဲဗာတန်အသင်းနည်းပြဟောင်း ရှောင်ဒိုက် နဲ့ အစားထိုးဖို့ စဉ်းစားနေပါတယ်။ နော်တင်ဟမ်အသင်းက ပိုစတီကိုဂလူးနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သတင်းတွေထွက်ပေါ် နေပါတယ်။ နော်တင်ဟမ်အနေနဲ့ အသင်းအတွက် ဥရောပဝင်ခွင့်ရအောင် စွမ်းဆောင်ပေးထားတဲ့ နည်းပြ နူနိုဆန်တို့စ် ကို အသင်းပိုင်ရှင်နဲ့ အဆင်မပြေတော့လို့ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ပိုစတီကိုဂလူး နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုစတီကိုဂလူး လက်ထက်မှာ နော်တင်ဟမ်အသင်းဟာ ပြိုင်ပွဲစုံ ခုနစ်ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးတဲ့အထိ အခြေအနေဆိုးလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရှောင်ဒိုက် ကတော့ ပြီးခဲ့တဲ့ဇန်နဝါရီလက အဲဗာတန်အသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတာပါ။ ‌ရှောင်ဒိုက် ဟာ နော်တင်ဟမ်အသင်းမှာ လူငယ်ကစားသမားဘ၀ ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နော်တင်ဟမ်အသင်းမှာ အောင်မြင်ခဲ့တဲ့ ကစားသမားဟောင်း အီယန်ဝိုအန် နဲ့ စတိဗ်စတုန်း တို့ဟာ ဘန်လေ၊ အဲဗာတန်အသင်းတွေမှာ ရှောင်ဒိုက် ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ (NVS 008)

13 Oct

ADVERTISE HERE .