“ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ကြိမ်ဆက် အောင်မြင်ခဲ့တဲ့ ဂါနာအသင်း”
13 Oct
ဂါနာအသင်း ဟာ အာဖရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကိုမိုရော့စ်အသင်းကို ၁ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ကြောင်း သိရပါတယ်။ ဂါနာအသင်းဟာ အုပ်စုဒုတိယနေရာက မာဒါဂါစကာအသင်းကို ၆ မှတ်ဖြတ်ပြီး အုပ်စုပထမနေရာ ရရှိခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဂါနာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခြေစစ်ပွဲအောင်မြင်ခဲ့တာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို နှစ်ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပဉ္စမအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိတာ ဖြစ်ပါတယ်။ ဂါနာအသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှသာ စတင်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပေမယ့် နောက်ဆုံးကျင်းပ ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်မှာ ၄ ကြိမ်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ကြိမ်သာ ခြေစစ်ပွဲ မအောင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိတဲ့အသင်းပေါင်း ၂၁ သင်းအထိ ရှိလာပြီ ဖြစ်ပါတယ်။ (NVS 008)