“ပင်တဂွန်အနေဖြင့် စစ်သည်များကို မဖြစ်မနေလစာပေးရန် ထရမ့်ညွှန်ကြား”
13 Oct
အမေရိကန်အစိုးရအနေဖြင့် အသုံးစရိတ်မရရှိခြင်းကြောင့် လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းထားရ သော်လည်း ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် စစ်သည်များကို လစာပေးရေး မဖြစ်မနေဆောင်ရွက်ရန် သမ္မတ ဒေါ်နယ်ထရမ့် က ညွှန်ကြားလိုက်ကြောင်းသိရသည်။ စစ်သည်များကို အောက်တိုဘာလ ၁၅ ရက်တွင် လစာပေးရမည်ဖြစ်သောကြောင့် ရနိုင်သမျှသော ငွေကြေးများအားလုံးကို စုဆောင်းထုတ်ယူ၍ စစ်သည်များကိုမဖြစ် မနေလစာပေးရန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကို ညွှန်ကြားထားကြောင်း ထရမ့်က လူမှုကွန်ရက်တွင် ရေးသားထားသည်။ အမေရိကန်အစိုးရအဖွဲ့သည်အောက်တို ဘာလ ၁ ရက်မှစ၍ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားခြင်းဖြစ်ပြီး ထိုကဲ့သို့လုပ်ငန်း လည်ပတ်မှုရပ်ဆိုင်းခြင်းသည် ပြီးခဲ့သည့် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိရသည်။
13 Oct