“တန်နက်ဆီပြည်နယ်ရှိဖောက်ခွဲရေးပစ္စည်း စက်ရုံပေါက်ကွဲမှုဖြစ်ပွား အသက်ရှင်ကျန်ရစ်သူ မရှိဟုဆို”
13 Oct
အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်ရှိ စစ်ဘက်သုံးဖောက်ခွဲရေးပစ္စည်းစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၆ ဦး သေဆုံးကြောင်းနှင့် အသက်ရှင်ကျန်ရစ်သူတစ်ဦးမျှမရှိကြောင်း အမေရိကန်တာဝန်ရှိသူများက အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ဘက်သုံးဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်သည့် Accurate Energetic Systems ကုမ္ပဏီ၌ အောက်တိုဘာလ ၁၀ ရက်နံနက်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ သို့သော် ထိုဖောက်ခွဲရေးပစ္စည်းစက်ရုံ ပေါက်ကွဲမှုကြောင့် အများပြည်သူကျန်းမာရေးကို ထိခိုက်စေမည့် မည်သည့်အရာမျှ ထွက်ရှိခြင်းမရှိကြောင်းနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဖြည်းဖြည်းချင်းလုပ်နေရကြောင်း ပြည်နယ်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
13 Oct