နည်းပြ အာနီစလော့ ကို စာချုပ်သက်တမ်းတိုးရန် လီဗာပူးလ်အသင်းစီစဉ်

12 Oct

လီဗာပူးလ်အသင်းက အသင်းနည်းပြ အာနီစလော့ ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ နည်းပြ အာနီစ‌လော့ ဟာ လီဗာပူးလ်အသင်းအား ၂၀၂၄ ခုနှစ်တွင် ဇွန်လ ၁ ရက်မှ စတင်တာဝန်ယူခဲ့ပြီး ပြိုင်ပွဲ ၆၇ ပွဲတွင် ၄၅ ပွဲနိုင်၊ ၁၀ ပွဲသရေ၊ ၁၂ ပွဲရှုံး ရလဒ်ကို ရရှိခဲ့ပါတယ်။ လီဗာပူးလ်အသင်းက နည်းပြ အာနီစလော့ အား စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိပြီး ၎င်းဟာ နည်းပြကောင်းတစ်ဦးဖြစ်ကြောင်းနဲ့ မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲကစားအပြီးတွင် ရမှတ် ၁၅ မှတ်ဖြင့် အဆင့်(၂) တွင် ရပ်တည်နေပါတယ်။(NVS 008)

12 Oct

ADVERTISE HERE .