မက်ဂွဲယား ကို သက်တမ်းတိုးရန် မန်ယူအသင်းကမ်းလှမ်း

12 Oct

မန်ယူအသင်းက ယခုနှစ်ဘောလုံးရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဗဟိုခံစစ်ပိုင်းမှ မက်ဂွဲယား ကို တစ်ပတ်လုပ်ခ စတာလင်ပေါင် ၁၄၀,၀၀၀ ဖြင့် သက်တမ်းတိုးရန် ကမ်းလှမ်းထားခဲ့ကြောင်း သိရပါတယ်။ မက်ဂွဲယား က နည်းပြ အာမိုရင် လက်အောက်တွင် ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်ခဲ့ရလို့ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ အသင်းမှထွက်ခွာရန် ဆန္ဒရှိခဲ့ပါတယ်။ ဆော်ဒီကလပ်များက ၎င်းကိုခေါ်ယူရန် ကြိုးပမ်းလာခဲ့သော်လည်း ပြောင်းရွှေ့ လိုခြင်းမရှိဘဲ မန်ယူအသင်း၌သာ ဆက်ရှိနေခဲ့ပါတယ်။ လက်ရှိရာသီ အမှတ်ပေးပြိုင်ပွဲ ခုနစ်ပွဲတွင် ခြောက်ပွဲတွင်သာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ရပြီး စာချုပ်သက်တမ်းမကုန်မီ ရှစ်လအလို ဇန်နဝါရီလအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာရန် တောင်းဆိုထားကြောင်း သိရပါတယ်။ မန်ယူအသင်းက မက်ဂွဲယား ကို အလွတ်ပြောင်းရွှေ့ခွင့် မပေးလိုတာကြောင့် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၁၄၀,၀၀၀ ပေးကာ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ပြီး သဘောတူညီမှုရရန် နီးစပ်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

12 Oct

ADVERTISE HERE .