ဆုဖလားများစွာ ထပ်မံရယူလိုကြောင်း ပြောကြားခဲ့တဲ့ ဘာစီလိုနာနည်းပြ ဟန်စီဖလစ်
12 Oct
ဘာစီလိုနာအသင်းနည်းပြ ဟန်စီဖလစ် က အသင်းနဲ့အတူ ဆုဖလားများစွာ ထပ်မံရယူလိုကြောင်း ပြောကြားခဲ့ပါတယ်။ နည်းပြ ဟန်စီဖလစ် ဟာ ပြီးခဲ့တဲ့ ရာသီအစမှာ ဘာစီလိုနာအသင်းသို့ နှစ်နှစ်စာချုပ်ဖြင့် စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြဘဝ ပထမဆုံးရာသီမှာပင် လာလီဂါချန်ပီယံဆုအပါအဝင် ပြည်တွင်းဖလားသုံးလုံးကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်း တာဝန်ရှိသူများက နည်းပြ ဟန်စီဖလစ် ရဲ့ စွမ်းဆောင်မှုကို လက်ခံယုံကြည်ကာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ နည်းပြ ဟန်စီဖလစ် က ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေကြောင်းနဲ့ ယခုထက်ပိုပြီး တိုးတက်ဖို့အတွက် အစွမ်းကုန်ကြိုးစားကာ ဆုဖလားများစွာကို ထပ်မံရယူလိုကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
12 Oct