အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ် နောက်ကျောဒဏ်ရာရရှိ
12 Oct
အာဆင်နယ်အသင်း နည်းပြ အာတီတာ က ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ် အနေနဲ့ နောက်ကျောဒဏ်ရာ ရရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒီကလန်ရိုက်စ် ဟာ အသင်းဟောင်း ဝက်စ်ဟမ်းအသင်းနဲ့ တွေ့ဆုံခဲ့သည့်ပွဲစဉ်တွင် အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း နောက်ကျောဒဏ်ရာ နာကျင်မှုခံစားခဲ့ရလို့ ပွဲချိန် ၇၉ မိနစ်တွင် လူစားလဲပေးရန် တောင်းဆိုခဲ့ပါတယ်။ ဒီကလန်ရိုက်စ် ရဲ့ နောက်ကျောက နာကျင်နေခဲ့လို့ ဆက်ပြီးကစားနိုင်တော့ခြင်းမရှိလို့ လူစားလဲရန် တောင်းဆိုခဲ့ကြောင်းနဲ့ ၎င်းရဲ့အခြေအနေကို စောင့်ကြည့်ရမှာဖြစ်ကြောင်း နည်းပြ အာတီတာ က ပြောကြားခဲ့ပါတယ်။ ဒီကလန်ရိုက်စ် ဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် ပွဲတိုင်းကစားပေးထားပြီး အဓိက ကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြသနေသူဖြစ်ပါတယ်။(NVS 008)
12 Oct