မေဂျာလိဂ်ရာသီကုန်ချိန်တွင် ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း ဘတ်စကွက်စ် ပြော
12 Oct
မေဂျာလိဂ် အင်တာမိုင်ယာမီအသင်း ကွင်းလယ်ကစားသမား ဘတ်စကွက်စ် က ယခုနှစ်မေဂျာလိဂ် ရာသီကုန်တွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဘတ်စကွက်စ် ဟာ ၂၀၂၃ နွေရာသီတွင် ဘာစီလိုနာအသင်းမှ အင်တာမိုင်ယာမီအသင်းသို့ နှစ်နှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ယခုဘောလုံးရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဘတ်စကွက်စ် က အနားယူဖို့အချိန်က တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ နွေရာသီက ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ ဘတ်စကွက်စ် အနေနဲ့ ကစားသမားဘဝမှ အနားယူပြီးပါက ဘာစီလိုနာအသင်းတွင် ရာထူးတစ်ခုခုဖြင့် ပြန်လည်တာဝန်ယူရန် စီစဉ်ထားကြောင်း သိရပါတယ်။(NVS 008)
12 Oct