မက်ဒယာပရာဒေ့ရှ်၌ ချောင်းဆိုးပျောက်ဆေး သောက်သုံးမှုကြောင့် သေဆုံးသူ ၂၄ ဦးအထိရှိလာ

11 Oct

အိန္ဒိယနိုင်ငံ မက်ဒယာပရာဒေ့ရှ်ပြည်နယ်၌ ကလေးငယ်များကို သေဆုံးစေသော ချောင်းဆိုးပျောက်ဆေး သောက်သုံးမှုကြောင့် လူ ၂၄ ဦးအထိ သေဆုံးလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ Coldrif အမည်ရှိ ချောင်းဆိုးပျောက်ဆေး သောက်ပြီးနောက် နောက်ဆက်တွဲဆိုးကျိုးဖြစ်ပေါ်ကာ ကျောက်ကပ် အလုပ်မလုပ်တော့သည့်အတွက် ကလေးငယ်များ သေဆုံးခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူ အများစုမှာ အသက် ၅ နှစ်အောက် ကလေးငယ်များဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုချောင်းဆိုးပျောက်ဆေးကို Sresan Pharmaceuticals ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ပြီး ယင်းဆေးတွင် ဒိုင်အီသိုင်လင်း ဂလိုင်ကော က ၄၅ ရာခိုင်နှုန်းအထက်ပါဝင်ကာ ဆေးကိုညစ်ညမ်းမှုဖြစ်စေခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများကပြောထားသည်။

11 Oct

ADVERTISE HERE .