အစ္စရေးတပ်မတော်က ဂါဇာမှနေ၍ ပထမအဆင့်ဆုတ်ခွာမှု အောင်မြင်စွာ လုပ်ဆောင်နိုင်ဟုဆို
11 Oct
အစ္စရေးတပ်မတော်သည် ဂါဇာမှနေ၍ ပထမအဆင့်ဆုတ်ခွာမှုကို အောင်မြင်စွာ လုပ်ဆောင်ထား နိုင်ကြောင်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်က အတည်ပြုထားသည်ဟု အမေရိကန်၏အထူးသံတမန်ဖြစ် သည့် စတိဝစ်ကော့ က အောက်တိုဘာလ ၁၀ ရက်တွင်ပြောသည်။ အစ္စရေးတပ်မတော်သည် အောက်တိုဘာလ ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် ပထမအဆင့်ဆုတ်ခွာမှု ဖြစ်သည့် အဝါရောင်မျဉ်းအထိ ဆုတ်ခွာခဲ့ပြီးဖြစ်ကြောင်း၊ ထို့နောက် ဓားစာခံများကို ပြန်လွှတ်ပေးရမည့် ၇၂ နာရီ ကြာအချိန်ကာလ စတင်ပြီဖြစ်ကြောင်း ဝစ်ကော့ က လူမှုကွန်ရက်တွင် ရေးထားခြင်းဖြစ်သည်။ အစ္စရေးနှင့် ဟားမက်အဖွဲ့တို့သည် ပထမအဆင့် ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြီးခဲ့သည့် ရက်ပိုင်းတွင် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ ဟားမက်အဖွဲ့က ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရန် သဘောတူထားကြောင်း သိရသည်။
11 Oct