ပုံစံကောင်းတွေ ရရှိနေတယ်လို့ဆိုတဲ့ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်း

10 Oct

မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်း က လက်ရှိအချိန်တွင် ကစားသမားဘဝတစ်လျှောက် အကောင်းဆုံး ပုံစံရရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဟာလန်း က ယခုရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၉ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူထားသလို၊ နော်ဝေအသင်းအတွက် ၂ ပွဲမှာ သွင်းဂိုး ၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဟာလန်း က စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာသာ ဂိုးမသွင်းနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်ပွဲအားလုံးမှာ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဟာလန်း က အခုလုပ်နိုင်တာထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့တယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရဖူးကြောင်းနဲ့ အဓိကအချက်က ပွဲကစားဖို့ အသင့်ဖြစ်နေအောင် ပြင်ဆင်နိုင်မှုကြောင့် ထင်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

10 Oct

ADVERTISE HERE .