ယာမယ် ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီအသင်း

10 Oct

ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းက ဘာစီလိုနာကြယ်ပွင့်ကစားသမား လမိုင်းယာမယ် ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်တဲ့ ယူရိုသန်း၂၃၀ ထိပေးချေကာ ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ နည်းပြ အင်းနရစ် က ပီအက်စ်ဂျီအသင်း အလိုရှိဆုံးဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအသင်းအနေနဲ့ နည်းပြ အင်းနရစ် အလိုရှိနေတဲ့ ယာမယ် ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ရန် စတင် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ လမိုင်းယာမယ် ဟာ ဘာစီလိုနာအသင်းနဲ့ စပိန်အသင်းတို့မှာ ခြေစွမ်းပြသလျက်ရှိပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ကြေးယူရို ၂၂၂ သန်းနဲ့ပြောင်းရွှေခဲ့တဲ့ နေမာ က ရပ်တည် နေပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအသင်းက ယာမယ် ကို စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၃၀ နဲ့ခေါ်ယူဖို့ ပြင်ဆင် နေတာလည်း ဖြစ်ပါတယ်။(NVS 008)

10 Oct

ADVERTISE HERE .