“အာဆီယံ ယူ- ၁၉ ဖူဆယ်ပြိုင်ပွဲအတွက် လူရွေးပွဲ ပြုလုပ်မည်”
10 Oct
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)က ကျင်းပမယ့် ပထမအကြိမ် အာဆီယံ ယူ-၁၉ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာယူ-၁၉ ဖူဆယ်လက်ရွေးစင်အသင်းဖွဲ့စည်းဖို့ လူရွေးပွဲတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီဟာ မြန်မာ ယူ- ၁၉ ဖူဆယ် လက်ရွေးစင်အသင်းဖွဲ့စည်းဖို့ အောက်တိုဘာလ ၁၁၊ ၁၂ ရက်တွေမှာ ရန်ကုန်မြို့ရှိ MFF နိုင်ငံတကာဖူဆယ် အားကစားရုံမှာ လူရွေးပွဲတွေ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာ ယူ- ၁၉ ဖူဆယ်လက်ရွေးစင်အသင်းဖွဲ့စည်းဖို့ ကျင်းပပြီးခဲ့တဲ့ FIFA- MFF U-19 လူငယ်ဖူဆယ်ပြိုင်ပွဲက ထူးချွန်ကစားသမားတွေနဲ့ မန္တလာလူငယ်ဖူဆယ်ပြိုင်ပွဲက ထူးချွန်ကစားသမားတွေကို လူရွေးပွဲတွေ ယှဥ်ပြိုင် ကစားစေမှာဖြစ်ပါတယ်။ လူရွေးပွဲတွေကျင်းပပြီး ရွေးချယ်ခံရတဲ့ ကစားသမားတွေနဲ့ မြန်မာ ယူ- ၁၉ ဖူဆယ်လက်ရွေးစင်အသင်းကို ဖွဲ့စည်းမှာဖြစ်ပြီး ပြည်တွင်းနည်းပြအဖြစ် Winner Generation FC အသင်းနည်းပြ ဦးကျော်စိုးမိုး ကို တာဝန်ပေးအပ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)