“ဘောလုံးသမားတွေထဲမှာ ပထမဆုံးဘီလီယံနာဖြစ်တဲ့ စီရော်နယ်လ်ဒို”
10 Oct
နာမည်ကျော် စျေးကွက်မီဒီယာတစ်ခုဖြစ်တဲ့ Bloomberg က အယ်လ်နာဆာအသင်းနှင့် ပေါ်တူဂီ လက်ရွေးစင်အသင်း ကစားသမား စီရော်နယ်ဒို ဟာ ဘောလုံးသမားတွေထဲမှာ ပထမဆုံးဘီလီယံနာ တစ်ယောက် ဖြစ်လာခဲ့ပြီလို့ ရေးသားဖော်ပြခဲ့ပါတယ်။ စီရော်နယ်ဒို ဟာ အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာကြောင့် သူ့ရဲ့ကြွယ်ဝချမ်းသာမှုက ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရှိသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အယ်လ်နာဆာ အသင်း နဲ့ နောက်ဆုံးချုပ်ဆိုခဲ့တဲ့ စာချုပ်အရ စီရော်နယ်ဒို ဟာ ဒေါ်လာသန်း ၄၀၀ ရရှိမှာဖြစ်ပြီး အသက် ၄၀ ရှိပြီ ဖြစ်ပေမယ့် စပွန်ဆာစာချုပ်တွေက ဝင်ငွေများစွာရရှိနေဆဲဖြစ်သလို၊ ဟိုတယ်လုပ်ငန်းတွေက ဝင်ငွေများစွာရရှိနေ ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ စီရော်နယ်ဒို ရဲ့ အသားတင်ချမ်းသာကြွယ်ဝမှုက ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရှိနေပြီလို့ Bloomberg ကဖော်ပြခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်လ်ဒို ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၂၂ နှစ်တာ ကာလအတွင်း စွမ်းဆောင်ပေးခဲ့မှုအတွက် ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရပါတယ်။ (NVS 008)