“မိမိအနေနဲ့ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို့ ထိုက်တန်မှုရှိတယ်လို့ ပြောကြားခဲ့တဲ့ ဟန်ဒါဆန်”
10 Oct
ဘရန့်ဖို့ဒ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟန်ဒါဆန် က မိမိအနေနဲ့ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို့ ထိုက်တန်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဟန်ဒါဆန် ဟာ ဝေးလ်စ်အသင်းနဲ့ ခြေစမ်းပွဲ၊ လတ်ဗီးယားနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် ရွေးချယ်ထားခံထားရပါတယ်။ ဟန်ဒါဆန် ဟာ လီဗာပူးလ်အသင်းမှာ ပွဲပေါင်း ၅၀၀ နီးပါး ကစားခဲ့သူဖြစ်ပြီး ၂၀၂၃ နွေရာသီမှာ ဆော်ဒီကလပ် အယ်လ်အက်တီဖတ်၊ ၂၀၂၄ ဇန်နဝါရီမှာ နယ်သာလန်ကလပ် အေဂျက်စ်အသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့ပြီး ဒီနွေရာသီမှာ အင်္ဂလန်မြေကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးလောကမှ ရှိမနေတဲ့ကာလအတွင်း ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာကြောင့်လည်း ဟန်ဒါဆန် က အဲဒီကာလဟာ သူ့ရဲ့ကစားသမားဘဝမှာ အခက်ခဲဆုံးဖြစ်ခဲ့ကြောင်းနဲ့ သူ့ရဲ့ခြေစွမ်းက အင်္ဂလန် အသင်းအတွက် ရွေးချယ်ခံရဖို့ ထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)