“၂၀၂၇ အာရှဖလား နောက်တစ်ဆင့်တက်ရေး မသေချာသေးတဲ့ မြန်မာအသင်း”

10 Oct

၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့် အုပ်စု E တတိယပွဲစဉ်အဖြစ် ကြားကွင်းဖြစ်တဲ့ ဆော်ဒီအာရေဗျမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ မြန်မာအသင်းဟာ ဆီးရီးယားအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတာကြောင့် နောက်တစ်ဆင့်တက်ရောက်ရန် ခက်ခဲလျက်ရှိ ပါတယ်။ မြန်မာအသင်းဟာ အုပ်စု E မှာ နှစ်ပွဲနိုင် တစ်ပွဲရှုံး ခြောက်မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပြီး ဆီးရီးယား အသင်းက သုံးပွဲစလုံးအနိုင်နဲ့ အုပ်စုကို ဦးဆောင်နေကာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့က တစ်မှတ်စီသာ ရရှိထား ပါတယ်။ ၂၀၂၇ အာရှဖလားခြေစစ်ပွဲ အုပ်စုကနေ ပထမရတဲ့တစ်သင်းသာ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။ (NVS 008)

10 Oct

ADVERTISE HERE .