ကိုလုံးအသင်းမှ တောင်ပံကစားသမား အယ်မာလာ ကို ဘိုင်ယန်မြူးနစ်နဲ့ဒေါ့မွန်အသင်းတို့ အပြိုင်ကမ်းလှမ်း
09 Octဂျာမန်ကလပ် ကိုလုံးအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ တောင်ပံကစားသမား အယ်မာလာ ကို ဘိုင်ယန် မြူးနစ်နဲ့ဒေါ့မွန်အသင်းတို့က အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေကြောင်းသိရပါတယ်။ ကိုလုံးအသင်းက အယ်မာလာ ကို ၂၀၃၀ ပြည့်နှစ်ထိ စာချုပ်ချုပ်ဆိုထားပြီး စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်သာ ရောင်းချလိုတာကြောင့် နွေရာသီ အပြောင်းအရွှေ့ကာလက ဘရိုက်တန်အသင်းရဲ့ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ ဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ ပါတယ်။ ကိုလုံးအသင်းက အယ်မာလာ အတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၃၅ သန်း အလိုရှိနေပြီး ဘိုင်ယန် မြူးနစ်နဲ့ ဒေါ့မွန်အသင်းတို့ကလည်း ပေးချေရန်ဆုံးဖြတ်ထားပြီး လက်ဦးမှုရရှိရေးကြိုးပမ်းလျက် ရှိပါတယ်။ အသက် ၁၉ နှစ်အရွယ် အယ်မာလာ ဟာ ကိုလုံးအသင်းလူငယ်ကစားသမားတစ်ဦးဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီ မှာ ခြေစွမ်းပြကစားနိုင်ခဲ့လို့ စီနီယာအသင်းကြီးသို့ ခေါ်ယူခြင်းခံခဲ့ရပြီး ကလပ်အသင်းကြီးများရဲ့ စောင့်ကြည့်မှုကို ခံခဲ့ရခြင်း ဖြစ်ပါတယ်။(NVS 008)