အင်္ဂလန်အသင်းက ရီစီဂျိမ်းစ် အစား အိုရယ်လီ ကိုခေါ်ယူ

09 Oct

လက်ရွေးစင်လူစာရင်းကနေ ဒဏ်ရာကြောင့် နုတ်ထွက်သွားတဲ့ ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ် ရဲ့နေရာ အတွက် မန်စီးတီးအသင်းလူငယ်နောက်ခံလူ အိုရယ်လီ ကို အင်္ဂလန်အသင်းက အစားထိုးခေါ်ယူလိုက်ပါတယ်။ ရီစီဂျိမ်းစ် ဟာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီးနောက် လက်ရွေးစင်အသင်းမှ နုတ်ထွက် သွား တာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် အိုရယ်လီ ဟာ အင်္ဂလန်ယူ-၂၁ လက်ရွေးစင်ကစားသမားဖြစ်ပြီး အင်္ဂလန်အသင်းကြီး အတွက် ပထမဆုံးအကြိမ် ခေါ်ယူခဲ့ခြင်းလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းကို အသက် ၈ နှစ်ထဲက ရောက်နေတဲ့ အိုရယ်လီ ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းကြီးအတွက် ပထမဆုံးအကြိမ် ကစားခွင့်ရခဲ့ပြီး ၂၁ ပွဲမှာ ၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မန်စီးတီးအသင်းလူစာရင်းမှာ ပါဝင်ခဲ့ပြီး အခုရာသီမှာ အိုရယ်လီ ဟာ မန်စီးတီးအသင်းအတွက် ၉ ပွဲအထိ ကစားပေးထားပါတယ်။(NVS 008)

09 Oct

ADVERTISE HERE .