အာဆင်နယ်အသင်းက ရာယာ ကို လစာတိုးပြီး စာချုပ်သစ်ချုပ်ဆို
09 Oct
အာဆင်နယ်အသင်းက အဓိကဂိုးသမား ရာယာ ကို လစာတိုးပြီး စာချုပ်သစ်ချုပ်ဆိုလိုက်တယ်လို့ သိရပါ တယ်။ အသက် ၂၉ နှစ်အရွယ် စပိန်ဂိုးသမား ရာယာ ဟာ ဘရန့်ဖို့ဒ်အသင်းမှ အာဆင်နယ်အသင်းသို့ ၂၀၂၃ ခုနှစ်မှာ တစ်ရာသီအငှားနဲ့ ရောက်ရှိခဲ့ပြီးနောက် လက်စွမ်းပြနိုင်ခဲ့တဲ့အတွက် ၂၀၂၄ မှာ အပြီးသတ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။ ရာယာနဲ့ အာဆင်နယ်အသင်းတို့ စာချုပ်က ၂၀၂၈ အထိ သက်တမ်းရှိသေးတာဖြစ်ပြီး စာချုပ်သစ်မှာ ရာယာ က လက်ရှိရနေတဲ့ တစ်ပတ်လုပ်အားခ ပေါင် ၁ သိန်းထက် ပိုရရှိမှာဖြစ်ပါတယ်။ စာချုပ်သက်တမ်းကိုတော့ မူလအတိုင်း ၂၀၂၈ ခုနှစ်အထိသာ ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်ထဲမှာ ၁ နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်တာဖြစ်လို့ ရာယာ အနေနဲ့ ၂၀၂၉ ခုနှစ်အထိ အာဆင်နယ်အသင်းမှာ ရှိနေမှာဖြစ်ပါတယ်။ ရာယာ အနေနဲ့ အာဆင်နယ်အသင်းကို ရောက်လာခဲ့ပြီးနောက် အသင်းဂိုးပေါက်ကို လက်စွမ်းပြကာကွယ် နိုင်ခဲ့ကာ ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက် ပရီးမီးယားလိဂ်အကောင်းဆုံး ဂိုးသမားအဖြစ် ရွှေလက်အိတ်ဆုကို ရရှိထားခဲ့ပါတယ်။(NVS 008)