ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခဲ့မှုက မှားယွင်းခဲ့တယ်လို့ ဟန်ဒါဆန် ပြောကြား

09 Oct

လီဗာပူးလ်အသင်းကနေ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ခဲ့မှုက မှားယွင်းမှုတစ်ခုဖြစ်ကြောင်းနဲ့ ဆော်ဒီ လိဂ် မှာ အခက်အခဲတွေနဲ့ ရုန်းကန်ခဲ့ရတယ်လို့ ကွင်းလယ်ကစားသမား ဟန်ဒါဆန် က ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဟန်ဒါဆန် ဟာ ၂၀၂၃ မှာ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲခဲ့ပြီး ဆော်ဒီလိဂ်က အယ်အီတီဖတ် အသင်းထံသို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဆော်ဒီလိဂ်မှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပြီး ၆ လ အကြာမှာပဲ နယ်သာလန် ကလပ် အေဂျက်ဇ်အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဆော်ဒီမှာ ရုန်းကန်နေရတဲ့ ဟန်ဒါဆန် ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်လက်ရွေးစင်အသင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်အသင်းမှာ ကစားနေခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဟန်ဒါဆန် ဟာ လက်ရှိမှာ နိုင်ငံအသင်းတွက် ၈၅ ပွဲအထိ ကစားပေးထားခဲ့ပါတယ်။ အင်္ဂလန်အသင်းက လတ်ဗီးယား အသင်းနဲ့ပွဲမှာ အနိုင်ရခဲ့မယ်ဆိုပါက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။(NVS 008)

09 Oct

ADVERTISE HERE .