မေဂျာလိဂ်ရာသီအကုန်မှာ အနားယူတော့မည့် အင်တာမိုင်ယာမီနောက်ခံလူ အယ်ဘာ
09 Oct
စပိန်လက်ရွေးစင်ဟောင်းနဲ့ အင်တာမိုင်ယာမီနောက်ခံလူ ဂျော်ဒီအယ်ဘာ ဟာ ယခုနှစ် မေဂျာလိဂ်ရာသီ အကုန်မှာ ကစားသမားဘဝက အနားယူတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ အယ်ဘာ ဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို လူမှုကွန်ရက်မှာတင်ခဲ့တာဖြစ်ပြီး အနိမ့်အမြင့်အတက်အကျတွေနဲ့ ကစားသမားဘဝကို ရပ်နားဖို့အချိန်တန်ပြီလို့ ရေးသားထားခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်ဘာ အနေနဲ့ ဘာစီလိုနာအသင်းမှာ ၁၁ နှစ်ကြာကစားခဲ့ပြီးနောက် အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ် နဲ့ ဘက်စ်ကွက်စ် တို့ရှိရာ အင်တာမိုင်ယာမီအသင်းကို ၂၀၂၃ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အယ်ဘာ ဟာ ယူရို ၂၀၁၂ မှာ စပိန်အသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့ပြီး စပိန် လက်ရွေးစင်အသင်းအတွက် ၉၃ ပွဲ ကစားခဲ့ပြီး ၂၀၂၃ မှာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။(NVS 008)
09 Oct