ကုန်ဈေးနှုန်းသတင်း ၈.၁၀.၂၀၂၅
08 Oct
အောက်တိုဘာလ ၈ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် တက်လာပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အခြားပဲအများစုနဲ့ ထန်းလျက်၊ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၀,၆၇၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၉၉,၉၉၆ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၄,၆၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၈၂,၉၂၈ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၁၆၅ ကျပ်ကနေ ၈,၃၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၂၅၀ ကျပ်ကနေ ၄,၅၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၅,၉၁၀ ကျပ်ကနေ ၇,၄၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၅၀၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၈၀ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၅၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၅၀ ကျပ်ကနေ ၁,၅၇၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၇၀၀ ကျပ်ကနေ ၆,၃၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၀၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၅၀၀ ကျပ်ကနေ ၁,၉၅၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၁၁,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၄,၆၅၀ ကျပ်၊ အာလူး တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၆,၇၀၀၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၂၈၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်ကနေ ၄၂,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၇၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၅၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၈၃၀ ကျပ်၊ မန္တလေးမှာ ၂,၉၄၀ ကျပ်၊ နေပြည်တော်မှာ ၂,၉၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၉၅ ကျပ်၊ မန္တလေးမှာ ၃,၀၁၀ ကျပ်၊ နေပြည်တော်မှာ ၂,၉၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၄၅ ကျပ်၊ မန္တလေးမှာ ၂,၆၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၂၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၁၁၅ ကျပ်၊ မန္တလေးမှာ ၃,၂၃၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၉၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၉၉၀,၀၀၀/-) ငါးဆယ် ကိုးသိန်း ကိုးသောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၈,၁၀၀,၀၀၀ိ/-) ရှစ်ဆယ် တစ်သိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။