“အိုနာနာ ကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ထရတ်ဇွန်စပေါ်အသင်း”

08 Oct

တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းဟာ အငှားခေါ်ယူထားတဲ့ ဂိုးသမား အိုနာနာ ကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ပြီးခဲ့တဲ့လက အိုနာနာ ဟာ မန်ယူအသင်းကနေ ထရတ်ဇွန်စပေါ်အသင်းသို့ အငှားပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ထရတ်ဇွန်စပေါ် အနေနဲ့ အိုနာနာ ကစားတဲ့ လိဂ်ပွဲလေးပွဲမှာ အများဆုံးရနိုင်တဲ့ ၁၂ မှတ်ကနေ ခုနစ်မှတ် အထိ ရရှိထားပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ ငါးပွဲမှာ Clean Sheet နှစ်ပွဲရခဲ့ပြီး အခြားသုံးပွဲမှာတော့ ငါးဂိုး ပေးခဲ့ရပါတယ်။ အိုနာနာ ကို ခေါ်ယူထားတဲ့ အငှားစာချုပ်မှာတော့ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက် မပါဝင်ခဲ့ပါဘူး။ မန်ယူအသင်းဟာ ၂၀၂၃ ခုနှစ်မှာ အိုနာနာ ကို အင်တာအသင်းကနေ ခေါ်ယူစဉ်က ပြောင်းရွှေ့ကြေးယူရိုသန်း ၅၀ ကုန်ကျခဲ့ပါတယ်။ အခုချိန်မှာတော့ အိုနာနာ ရဲ့စျေးကွက်တန်ဖိုးဟာ အောက်တိုဘာလ ၁ ရက်က နောက်ဆုံးထုတ်ပြန်ထားမှုအရ ယူရိုသန်း ၂၀ သာ တန်ကြေး ရှိပါတော့တယ်။ (NVS 008 )

08 Oct

ADVERTISE HERE .