“ပရီးမီးယားလိဂ်ရဲ့ ထုတ်ပယ်ခံရမယ့် နည်းပြရေပန်းစားမှုမှာ ပိုစတီကိုဂလူး ထိပ်ဆုံးရောက်လာ”
08 Oct
ပရီးမီးယားလိဂ် ပွဲစဉ်(၇) အပြီးထုတ်ပယ်ခံရမယ့် နည်းပြရေပန်းစားမှုမှာ နော်တင်ဟမ်ဖောရက်စ်အသင်း နည်းပြ ပိုစတီကိုဂလူးက ထိပ်ဆုံးရောက်လာခဲ့ပါတယ်။ စပါးနည်းပြဟောင်း ပိုစတီကိုဂလူးဟာ မကြာသေးခင်ကမှ နော်တင်ဟမ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး သူကိုင်တွယ်တဲ့ ခုနစ်ပွဲစလုံး နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ ပိုစတီကိုဂလူး လက်ထက်ကစားတဲ့ နော်တင်ဟမ်အသင်းရဲ့ ခုနစ်ပွဲမှာ နှစ်ပွဲသာ သရေကျပြီး ငါးပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲစဉ်(၆) အပြီးမှာ မန်ယူအသင်းနည်းပြ အာမိုရင်မ် ထိပ်ဆုံး ရောက်လာခဲ့ပေမယ့် ယခုအခါသူ့နေရာကို ပိုစတီကိုဂလူး က အစားထိုးဝင်ရောက်လာပါတယ်။ နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၁၇) နေရာ ရောက်နေပြီး အဆင့် (၁၈)၊ (၁၉)ကအသင်းတွေနဲ့လည်း တစ်မှတ်သာ ကွာဟနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာရက်သတ္တပတ်အပြီး ချဲလ်ဆီး၊ ပေါ်တို၊ ဘုန်းမောက်အသင်းတွေနဲ့ ပွဲကျပ်ဆက်တိုက်ကစားရဖို့ ရှိနေပါတယ်။ နော်တင်ဟမ်အသင်းဟာ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားကို ကာလရှည်ပစ်မှတ်ထားခဲ့ပေမယ့် ရာသီကုန်အထိ စာချုပ်သက်တမ်း ရှိနေလို့ ခေါ်ယူဖို့အခက်အခဲ ဖြစ်နေပါတယ်။ (NVS 008 )