“ဥရောပလိဂ်ပွဲအချို့ နိုင်ငံရပ်ခြားသွားကစားမယ့်အစီအစဉ်ကို UEFA ခွင့်ပြု”

08 Oct

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဥရောပလိဂ်ပွဲအချို့ နိုင်ငံရပ်ခြားသွားကစားမယ့်အစီအစဉ်ကို ခွင့်ပြုခဲ့ပါတယ်။ UEFA ရဲ့ထုတ်ပြန်ချက်မှာ ဥပဒေကြောင်းအရ တားဆီးလာမယ့် အခွင့်အရေးမရှိဘူးလို့လည်း ရေးသားခဲ့ ပါတယ်။ ဒါကြောင့် လာမယ့်ဒီဇင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်မှာကစားမယ့် ဗီလာရီးရဲလ်-ဘာစီလိုနာ လာလီဂါပွဲနဲ့ ဖေဖော်ဝါရီလအတွင်းကစားမယ့် အေစီမီလန်-ကိုမို စီးရီးအေပွဲတွေက နိုင်ငံခြားမှာ သွားရောက်ကစားဖို့ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။ ဗီလာရီးရဲလ်-ဘာစီလိုနာပွဲကို မိုင်ယာမီမြို့မှာရှိတဲ့ ပရိသတ် ခြောက်သောင်းကျော်ဆံ့ Hard Rock Stadium မှာကစားဖို့ စီစဉ်ထားပြီး အေစီမီလန်-ကိုမို ပွဲကိုတော့ သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့မှာ ကစားဖို့လျာထားတာ ဖြစ်ပါတယ်။ (NVS 008 )

08 Oct

ADVERTISE HERE .